>2011 December မှ 2013 January အထိ အဖွဲ့၏ လှူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ

အဖွဲ့၏ ပညာသင်ဆု လှူဒါန်းထားသော ကျောင်းသား/သူ များ...

ပြည်တွင်း၊ ပြည်ပ အလှူရှင်များမှ လှူဒါန်းကြသော အလှူတော်ငွေများဖြင့်
ပေး-ပျော် ပရဟိတအဖွဲ့မှ ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် အတွက် ပညာသင်ဆု ထောက်ပံ့ပေးနေသော ကျောင်းသား/သူ စာရင်းများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။
သင့်လျော်သော အချိန်ကာလများတွင်လည်း ပညာသင်ဆု ဦးရေ တိုးမြှင့် စီစဉ် လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

*^!^* အဖွဲ့ Logo တံဆိပ် သင်္ကေတများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ *^!^*


(၁) စက်ဝိုင်းအထဲတွင် ရှိသော လက်နှစ်ဖက်
ထိုလက်နှစ်ဖက်သည် ပေးကမ်း လှူဒါန်းနေခြင်းကို ရည်ညွှန်းပါသည်။ အလှူဒါနတစ်ခု ဖြစ်မြောက်စေရန် နှုတ်ဖြင့်သာ ပြောဆိုနေ၍ မဖြစ်နိုင်ပေ။ အမှန်တကယ် လက်တွေ့ကျကျ ရက်ရက်ရောရော စေတနာပါပါ ပေးကမ်းမှသာ အကျိုးရှိပြီး ထိရောက်မည် ဖြစ်သည်။
(၂) ပွင့်ဖတ် (၁၀) ခုရှိသော ကြာပန်း
ကြာပန်းဆိုသည်မှာ ပညာရေးကို ရည်ညွှန်းပြီး ပွင့်ဖတ် (၁၀) ခု သည် ပါရမီဆယ်ပါးကို ဆိုလိုခြင်း ဖြစ်သည်။ ဒါနပါရမီမှ အစပြု၍ ဥပေက္ခာပါရမီ အထိ ဆယ်ပါးသော ပါရမီကို ဖြည့်ကျင့်ခြင်း ဟူသည့် အဓိပ္ပာယ်ကို ဖော်ပြထားသည်။

ပြည်တွင်း၊ ပြည်ပ အလှူရှင်များအား ဖိတ်မန္တကပြုခြင်း.....

၂၀၁၃ ဇန်နဝါရီလမှ စတင်၍ လှူဒါန်းလိုသော အလှူရှင် အသစ်များ အနေဖြင့် တစ်လလျှင် 1,000/- (တစ်ထောင်) ကျပ်နှုန်းဖြင့် သော်လည်းကောင်း
ထိုထက်ပိုသောနှုန်းထားဖြင့် သော်လည်းကောင်း အနည်း၊ အများမဆို ပါဝင်လှူဒါန်းနိုင်ကြပါသည်။

လစဉ်အလှူတော်ငွေများကို တစ်နှစ်စာအတွက် သော်လည်းကောင်း၊
အခါအားလျော်စွာ တတ်နိုင်သော အလှူတော်ငွေများကို သော်လည်းကောင်း၊
အဖွဲ့အတွက် မတည်အလှူတော်ငွေများ ကိုသော်လည်းကောင်း လှူဒါန်းနိုင်ပါသည်။

*!*!*!*!* မင်္ဂလာပါ *!*!*!*!*

"ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတ အဖွဲ့သည် ဘာသာရေး ကို အခြေခံ၍ ပညာရေးနှင့် သက်ဆိုင်သော လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်ပါသည်။

မြန်မာပြည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ပေးနေသည့်အတွက် ပြည်တွင်း၊ ပြည်ပ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များကို ၀မ်းသာလှိုက်လှဲစွာဖြင့် ဖိတ်ခေါ် ကြိုဆိုပါသည်။

အဖွဲ့အတွက်  လစဉ်အလှူငွေ တစ်လ တစ်ထောင်ကျပ်မှ စတင်၍ 
၎င်းထက် တတ်အားသ၍ သော်လည်းကောင်း၊ 
မတည်အလှူငွေကိုသော်လည်းကောင်း၊ အလှူရှင်များ တတ်စွမ်းသည့် အင်အားမှ အနည်းအများ မဆို ပါဝင်လှူဒါန်းနိုင်ပါသည်။

ကလေး၊ လူငယ်များအား
(၁) ဘာသာ သာသနာကို ချစ်သော စိတ်ဓာတ်၊
(၂) ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တတ်သော စိတ်ဓာတ်၊
(၃) တိုင်းပြည်ကို ချစ်သော စိတ်ဓာတ်
စသည်စသည် စိတ်ဓာတ်များစွာတို့ကို ပြုစုပျိုးထောင်ပေးရင်း သာသနာပြုနေသည့် အဖွဲ့ ဖြစ်သဖြင့် အလှူရှင်များ လှူဒါန်းလိုက်သော အလှူဒါနများသည် ကလေး၊ လူငယ်များ၏ နှလုံးသားမှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး စေတီများ တည်ပေးခြင်း ဖြစ်သည်။သာသနာတော်အတွက် သာမက တိုင်းပြည်နှင့် လူမျိုးအတွက်ပါ အထောက်အပံ့များစွာ ဖြစ်သော အလှူဒါနများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

သာသနာတော် အကျိုးအတွက် အဖွဲ့တွင် ပါဝင်လှူဒါန်းနေကြသည့် အတွက်လည်း ၀မ်းမြောက်ဝမ်းသာစွာ သာဓု အနုမောဒနာ ခေါ်ဆိုရင်း လောကီအကျိုးအပြင်၊ လောကုတ္တရာ အကျိုးပါ ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများလည်း တောင်းပေးလိုက်ပါသည်.....

ပရဟိတ ပုဂ္ဂိုလ်များတွင် ထားရှိကြရမည့် စိတ်ထား၊ သဘောထားများ…

ပရဟိတ လုပ်ကိုင်နေသူများသည် သူတစ်ပါး အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်ပေးနေသူများ ဖြစ်ကြသည်။ ပရဟိတ လုပ်ငန်း လုပ်ကိုင်သူများ ဆိုရာတွင် ရဟန်းရှင် လူ ပုဂ္ဂိုလ် အားလုံးကို အကျုံးဝင်စေသည်။


ထိုကဲ့သို့သော လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ပေးနိုင်ဖို့ရန် တော်ရုံတန်ရုံ စိတ်ဓာတ်ဖြင့် မဖြစ်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် ပရဟိတ လုပ်ငန်းလုပ်ကိုင်သူသည် ကာယကံ အားဖြင့်လည်း အပင်ပန်းခံရသည်။ ၀စီကံအားဖြင့်လည်း အနားမနေရ။ မနောကံအားဖြင့်လည်း စီစဉ်နေရသည်။ လူအားကိုလည်း ရင်းနှီးရသည်။ အချိန်အားကို စိုက်ထုတ်ရသည့်အပြင် တစ်ခါတစ်ရံ ငွေအားကိုပါ အကုန်ကျ ခံရသေးသည်။ ထို့အပြင် ပတ်ဝန်းကျင်မှ အဝေဖန်ပင် ခံရတတ်သေးသည်။

!*^*! အဖွဲ့၏ တစ်နှစ်ပြည့် သြ၀ါဒကထာ !*^*!

သြ၀ါဒကထာ ဟု စားသားအရ ခေါင်စဉ်အဖြစ် ရေးသားထားရသော်လည်း အမှန်တော့ မိမိ၏ ဉာဏ်စွမ်းရှိသလောက် အသိအမြင်များကိုသာ မျှဝေခံစားစေခြင်းပင် ဖြစ်သည်။ မိမိ ပြောကြားလိုသော စကားများသည် များစွာ ရှိသော်လည်း အများသူငှာ အတွက် အကျိုးများလိမ့်မည်ဟု စဉ်းစား ယူဆမိကာ မကျဉ်း မကျယ်သော လောကီ၊ လောကုတ္တရာ စာသား အသုံးအနှုန်းများဖြင့် မျှဝေပေးလိုက်ပါသည်။
ဤသြ၀ါဒကထာကို ကဏ္ဍအလိုက် လေးလေးနက်နက် ဖတ်ရှုခြင်းဖြင့် အဖွဲ့အတွက် သော်လည်းကောင်း၊ ကိုယ်ပိုင်တစ်ဦးချင်း အတွက် သော်လည်းကောင်း အသိအမြင်၊ ဗဟုသုတ၊ အတွေးအခေါ်များ တစ်စုံတစ်ဦးမျှပင် ရရှိသွားခဲ့မည် ဆိုလျှင် ရေးရကျိုးနပ်သည်၊ မျှဝေရကျိုးနပ်သည် ဟု မိမိကိုယ်ကို ကြည်နူး ပီတိဖြစ်မိပါသည်။

သြဝါဒကထာ (၁)...

ဘုန်းဘုန်းတို့ရဲ့  "ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတအဖွဲ့ မှာ  သာသနာတော် အတွက် ကိုယ်ကျိုးစွန့်ကာ အချိန်အား၊ ငွေအား၊ လူအား ပေးဆပ်ရင်း ကူညီဆောင်ရွက်ပေးနေကြတဲ့ ဓမ္မမိတ်ဆွေတွေ အချင်းချင်း ဆက်သွယ်မှု အဆင်ပြေအောင် အဖွဲ့ ကို ကူညီဆောင်ရွက်ပေးနေကြတဲ့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင် မေးလ် အကောင့်တွေကို ဘုန်းဘုန်း ရေးပေးလိုက်ပါတယ်။ အဖွဲ့သားတွေ အားလုံး ကွန်ယက် ချိတ်ဆက်ပြီး အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကို မေးမြန်းလို့ ရအောင်ပါ။
အမှန်တော့ ဘုန်းဘုန်းတို့ အဖွဲ့သားတွေမှာ တစ်ဦးနဲ့ တစ်ဦး မြင်ဖူးသူတွေလည်း ဖြစ်ချင် ဖြစ်မယ်။ မမြင်ဖူးသူတွေလည်း ဖြစ်ချင်ဖြစ်မယ်။
ရုပ်တွေကို မမြင်ဖူးပေမဲ့ စိတ်တွေကိုတော့ လှမ်းကြည့်လို့ ရနေပါတယ်။