>2011 December မှ 2013 January အထိ အဖွဲ့၏ လှူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ

ပေးပျော်အဖွဲ့၏ စတုတ္ထအကြိမ်မြောက် လှူဒါန်းပွဲ

“ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ” ပရဟိတအဖွဲ့၏ ပြည်တွင်း၊ ပြည်ပ အလှူရှင်များ အားလုံး၏ ကိုယ်စား စတုတ္ထအကြိမ်မြောက် အလှူပွဲအား အလင်းရောင် သီလရှင်သင် ဘ/က ပညာရေးကျောင်း [မြနန္ဒာလမ်း၊ (၆၉) ရပ်ကွက်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့] တွင် (၂၆၊ ၀၈၊ ၂၀၁၂) တနင်္ဂနွေနေ့၌ အောင်မြင်စွာ ကျင်းပပြုလုပ် ပြီးစီးခဲ့ပါသည်။

[အလှူပွဲအခမ်းအနား အစီအစဉ်အား ဓာတ်ပုံများတွင် ကြည့်ရှုနိုင်ပါသည်]

အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုသည်မှာ -



- အလှူပွဲ ဖြစ်မြောက်အောင် အဖွဲ့သို့ အလှူငွေများ လှူဒါန်းပေးကြသော ပြည်တွင်း၊ ပြည်ပ အလှူရှင်များ အားလုံးကို လည်းကောင်း၊

- မိုးတွင်းကာလ မိုးရွာနေသော်လည်း အလှူပွဲသို့ အချိန်အား၊ လူအား၊ ငွေအား၊ လုပ်အား၊ စွမ်းအားများစွာ ပေးဆပ်၍ အပင်ပန်းခံ လိုက်ပါကူညီ ဆောင်ရွက်ပေးကြသော အဖွဲ့မှ ပုဂ္ဂိုလ်အားလုံးတို့အား လည်းကောင်း၊

- အလှူပွဲသို့ လွယ်ကူ ချောမောစွာ သွားရောက်နိုင်ရန် ကားများ လှူဒါန်းပေးကြသော မမိုးသန္တာ [SHAKE Bubble Tea]နှင့် ကိုတူး တို့အား လည်းကောင်း၊

- အလှူပွဲတွင် လိုက်ပါသူများကို ကိတ်မုန့်နှင့် ရေသန့်ဗူး လှူဒါန်းပေးသော ကိုညီ အား လည်းကောင်း၊

- အခမ်းအနား အစီအစဉ် ကြေညာပေးသော ကိုအောင်သျှန် အားလည်းကောင်း၊

- အခမ်းအနားတွင် သြ၀ါဒကထာ မိန့်ကြားပေးသော ဆရာတော်အရှင်ဉာဏဒီပ နှင့် ကျေးဇူးတင်စကား လျှောက်ထားပေးသော ဆရာလေး ဒေါ်မေဓာသိင်္ဂီ တို့အား လည်းကောင်း၊

- အလှူငွေ စာရင်းများ တင်ပြလျှောက်ထားပေးသော ကိုအောင်လင်းသူ အားလည်းကောင်း၊
[အလှူပွဲတွင် လှူဒါန်းသော အသေးစိတ် စာရင်းများကို ထပ်မံဖော်ပြပါမည်]

- အခမ်းအနားတွင် ကျေးဇူးတင်စကားများ ပြောကြားပေးသော ကိုထူးထူးအောင်နှင့် မနီနီမျိုး တို့အားလည်းကောင်း၊

- ၀ါဆိုသင်္ကန်း တစ်စုံ လှူဒါန်းပေးသော မမြင့်ကြည်လှိုင် အားလည်းကောင်း၊

- အိန္ဒိယမြောက်ပိုင်း ထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းအတွက် ၀ါဆိုသင်္ကန်းများ ၀ယ်ယူ လှူဒါန်းနိုင်ရန် အလှူငွေများ လှူဒါန်းပေးကြသော အလှူရှင်များအား လည်းကောင်း၊
[၀ါဆိုသင်္ကန်းအတွက် အလှူငွေများ လှူဒါန်းကြသည့် အလှူရှင်များစာရင်းကို သီးသန့် ဖော်ပြပေးပါမည်]

ကျေးဇူးအထူး တင်ရှိပါကြောင်း ၀မ်းမြောက် ၀မ်းသာစွာ နှုတ်ခွန်းခြွေလိုက်ပါသည်။

မိမိတို့၏ အချိန်အား၊ လူအား၊ ငွေအား၊ လုပ်အား၊ စွမ်းအားများစွာတို့ကို အကုန်ကျခံ ကိုယ်ကျိုးစွန့်ကာ အဖွဲ့၏ အလှူပွဲများအတွက် စည်းလုံးညီညွတ်စွာ ရိုင်းပင်းကူညီ ဆောင်ရွက်ပေးကြရင်း ပေးဆပ်ခြင်းမှာ ပျော်မွေ့ကြသော ပုဂ္ဂိုလ်များ အားလုံးတို့အား
ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ တာဝန်များကို ဆထက်တိုးလို့ ဆောင်ရွက် ပေးနိုင်ကြပါစေရန် အလို့ငှာ မေတ္တာပို့သလိုက်ရပါသည်။

“ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ” ပရဟိတအဖွဲ့
===========================

[အဖွဲ့၏ အစည်းအဝေး (၂/၂၀၁၂) ကိုလည်း အလှူပွဲပြီးသည်နှင့် တစ်ဆက်တည်း ပြုလုပ်ခဲ့သည် ဖြစ်ရာ အစည်းအဝေး မှတ်တမ်းကို သီးသန့် ထပ်မံ၍ ဖော်ပြပေးပါမည်]

No comments:

Post a Comment