>2011 December မှ 2013 January အထိ အဖွဲ့၏ လှူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ

*^!^* အဖွဲ့ Logo တံဆိပ် သင်္ကေတများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ *^!^*


(၁) စက်ဝိုင်းအထဲတွင် ရှိသော လက်နှစ်ဖက်
ထိုလက်နှစ်ဖက်သည် ပေးကမ်း လှူဒါန်းနေခြင်းကို ရည်ညွှန်းပါသည်။ အလှူဒါနတစ်ခု ဖြစ်မြောက်စေရန် နှုတ်ဖြင့်သာ ပြောဆိုနေ၍ မဖြစ်နိုင်ပေ။ အမှန်တကယ် လက်တွေ့ကျကျ ရက်ရက်ရောရော စေတနာပါပါ ပေးကမ်းမှသာ အကျိုးရှိပြီး ထိရောက်မည် ဖြစ်သည်။
(၂) ပွင့်ဖတ် (၁၀) ခုရှိသော ကြာပန်း
ကြာပန်းဆိုသည်မှာ ပညာရေးကို ရည်ညွှန်းပြီး ပွင့်ဖတ် (၁၀) ခု သည် ပါရမီဆယ်ပါးကို ဆိုလိုခြင်း ဖြစ်သည်။ ဒါနပါရမီမှ အစပြု၍ ဥပေက္ခာပါရမီ အထိ ဆယ်ပါးသော ပါရမီကို ဖြည့်ကျင့်ခြင်း ဟူသည့် အဓိပ္ပာယ်ကို ဖော်ပြထားသည်။
(၃) ဖယောင်းတိုင် မီးအလင်းရောင်
အလင်းရောင်သည် ဉာဏ်ပညာ ထက်မြက်မှုကို ရည်ညွှန်းပါသည်။ ဉာဏ်ပညာ ရှိမှသာ ဘ၀တွင် အေးချမ်းစွာ၊ မြင့်မြတ်စွာ နေထိုင်နိုင်ပြီး ဉာဏ်ပညာ အလင်းရောင်သည် နိဗ္ဗာန်သို့လည်း လမ်းပြခေါ်ဆောင်နိုင်သည်။
(၄) မီးအလင်းရောင်များ
ဖယောင်းတိုင်မီးတွင် ဖြစ်ပေါ်နေသော အလင်းရောင်များသည် သာသနာ့ အလံတော်ရှိ အရောင်များကို ရည်ညွှန်းပါသည်။ လောကဓာတ် တစ်ခွင်လုံးအား သာသနာတော် အလင်းရောင်များဖြင့် ထွန်းလင်းတောက်ပ နေစေရန် ဖြစ်သည်။
သာသနာ့ အလံတော် အရောင်များသည် မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုထားပါသည်။ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းရောင်နှင့် ပြိုးပြိုးပြက်ပြက်အရောင် တို့သည် ရောင်ခြည်တော် ခြောက်သွယ်အရောင် ဖြစ်ပါသည်။ ပြိုးပြိုးပြက်ပြက် အရောင်သည် ပြာ၊ ၀ါ၊ နီ၊ ဖြူ၊ ပန်း အရောင် ငါးရောင် ရောပြွမ်းနေပြီး တောက်ပသော အရောင် ဖြစ်သည်။
အဖွဲ့တံဆိပ်၏ သင်္ကေတများကို အနှစ်ချုပ်၍ အဓိပ္ပာယ် ဖွင့်ဆိုရလျှင်မူ
ပေးကမ်းသော၊ စွန့်လွှတ်သော၊ ပေးဆပ်သော မေတ္တာ ကရုဏာ မုဒိတာ စေတနာ လက်များဖြင့် ပညာရေးအတွက် လှူဒါန်းကူညီကြပြီးလျှင် ပါရမီ ဆယ်ပါးကို ဖြည့်ကျင့်ကာ ဉာဏ်ပညာအလင်းရောင်များဖြင့် လောကကြီးအား ထွန်းလင်းတောက်ပစေလျှက်
အဖွဲ့သားများသည် မြတ်ဗုဒ္ဓ တည်ထောင်ခဲ့သော သာသနာတော်ကြီးအား စည်းလုံးညီညာစွာ ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်ရင်း ကမ္ဘာတည်သ၍ ရောင်ဝါနေထက် လင်းစေရန် ဟူသော အဓိပ္ပာယ် ဆိုလိုရင်း ဖြစ်သည်။

တို့သာသနာ တို့မလုပ်က
တို့ပြင် မည်သူ ရှိမည်နည်း….
တို့မလုပ်လျှင်
ခြားဘာသာဝင် ကြီးစိုးလျှင်
ဗုဒ္ဓမြန်ပြည် ပျောက်မည်တည့်…..

No comments:

Post a Comment