>2011 December မှ 2013 January အထိ အဖွဲ့၏ လှူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ

နှစ်ပတ်လည်အစည်းအဝေးအား ဖိတ်ကြားခြင်း

အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးအား ဖိတ်ကြားခြင်း...
ပေး-ပျော် အဖွဲ့၏ ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ်နှင့် အဖွဲ့၏ တစ်နှစ်ပတ်လည် လုပ်ငန်းဆောင်တာ များအား ဆွေးနွေးရန် အတွက် ရန်ကုန်မြို့ရှိ အဖွဲ့၏ တာဝန်ခံများ၊ စာရင်းစစ်များ၊ အလှူရှင်များနှင့် မည်သူမဆို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း အစည်းအဝေးသို့ ကြွရောက်နိုင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - (၀၈၊ ၁၂၊ ၂၀၁၂) စနေနေ့၊ အမျိုးသားနေ့ရုံးပိတ်ရက်
အချိန်  - မွန်းလွဲ (၁း ၀၀ ) နာရီ
နေရာ  - [SHAKE BUBBLE TEA] ဆိုင် အပေါ်ထပ်၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်း



[လှည်းတန်းမီးပွိုင့်တွင် ယဉ်ကြော အခက်အခဲ ရှိနိုင်ပါသဖြင့် မိမိတို့၏ အစီအစဉ်ဖြင့် အစည်းအဝေးသို့ အချိန်မီ ရောက်လာနိုင်ကြပါရန် ကြိုတင် အသိပေး မေတ္တာရပ်ခံအပ်ပါသည်]

ကားလက်မှတ် ကြိုတင် ဝယ်ယူရမည် ဖြစ်ပါသောကြောင့် ပေး-ပျော် အဖွဲ့၏ ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ်တွင် ကံထူးရှင် မဲပေါက်သူများနှင့် အဖွဲ့နှင့် အတူ လိုက်ပါလိုသူများသည် (၀၈၊ ၁၂၊ ၂၀၁၂) စနေနေ့ နောက်ဆုံးထား၍ သတင်းပို့ကြပါရန် -

ဗုဒ္ဓဂယာ 3D ဘုရားပုံတော် မရရှိသေးသော အလှူရှင်များ၏ စာရင်းများကို တာဝန်ခံများမှ တင်ပြပြီး အစည်းအဝေးနေ့ရက်တွင် ဘုရားပုံတော်များ အလှူလက်ခံကြပါရန် -

အဖွဲ့၏ တီရှပ်အင်္ကျီများကိုလည်း ဝယ်ယူနိုင်ပါပြီ။ အမြတ်အစွန်း မယူဘဲ ကုန်ကျစရိတ် ဈေးရင်း အတိုင်း ရောင်းချပေးမည် ဖြစ်ပါသည်။

တစ်ထည် 2,400/- ကျပ်နှင့် 2,600/- ကျပ်

“ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ” ပရဟိတအဖွဲ့

***************************************************************

စည်းလုံးညီညွတ်ခြင်းဖြင့် သာသနာတော်ကို တည်ဆောက်ကြပေအံ့.....

***************************************************************

No comments:

Post a Comment