>2011 December မှ 2013 January အထိ အဖွဲ့၏ လှူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ

ပြည်တွင်း၊ ပြည်ပ အလှူရှင်များအား ဖိတ်မန္တကပြုခြင်း.....

၂၀၁၃ ဇန်နဝါရီလမှ စတင်၍ လှူဒါန်းလိုသော အလှူရှင် အသစ်များ အနေဖြင့် တစ်လလျှင် 1,000/- (တစ်ထောင်) ကျပ်နှုန်းဖြင့် သော်လည်းကောင်း
ထိုထက်ပိုသောနှုန်းထားဖြင့် သော်လည်းကောင်း အနည်း၊ အများမဆို ပါဝင်လှူဒါန်းနိုင်ကြပါသည်။

လစဉ်အလှူတော်ငွေများကို တစ်နှစ်စာအတွက် သော်လည်းကောင်း၊
အခါအားလျော်စွာ တတ်နိုင်သော အလှူတော်ငွေများကို သော်လည်းကောင်း၊
အဖွဲ့အတွက် မတည်အလှူတော်ငွေများ ကိုသော်လည်းကောင်း လှူဒါန်းနိုင်ပါသည်။


ယခင်နှစ်မှ စတင်လှူဒါန်းနေသော အလှူရှင်များ အတွက်လည်း မိမိတို့ လှူဒါန်းထားပြီးသော အလှူတော်ငွေ စုစုပေါင်း ပမာဏ ကို ၂၀၁၃ ဇန်နဝါရီလမှ စတင်၍ စာရင်းအသစ်ဖြင့် ထပ်မံ ပေါင်းထည့်ပေးသွားပါမည်။
သို့မှသာ အလှူရှင်များသည် မိမိတို့ စုစုပေါင်း လှူဒါန်းထားပြီးသော အလှူတော်ငွေ ပမာဏကို သိရှိခြင်းဖြင့် မုဒိတာပွား ပီတိများနှင့် ကုသိုလ်များလည်း ယူနိုင်ကြမည် ဖြစ်ပါသည်။
“ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ” ပရဟိတအဖွဲ့တွင် ပါဝင်လှူဒါန်းလိုသော ပြည်တွင်း၊ ပြည်ပ အလှူရှင်များအနေဖြင့်လည်း မိမိတို့နှင့် ဆက်သွယ်ရန် လွယ်ကူနိုင်သော အဖွဲ့၏ တာဝန်ခံများအား ဆက်သွယ်၍ ပါဝင်လှူဒါန်းနိုင်ပါကြောင်း သာသနာတော် အကျိုးငှာ ကုသိုလ်ရေး အဖြစ် တိုက်တွန်းနှိုးဆော် ဖိတ်မန္တက ပြုလိုက်ရပါသည်။
အဖွဲ့နှင့် ပတ်သက်၍ သိလိုသော အချက်အလက်များကိုလည်း အဖွဲ့၏ ဦးဆောင်နာယက ဆရာတော် အရှင်ဉာဏဒီပ အားလည်းကောင်း၊ အဖွဲ့၏ ပြည်တွင်း၊ ပြည်ပ တာဝန်ခံများအား လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး၊ မေးမြန်းနိုင်ကြပါသည်။

[၂၀၁၁ ဒီဇင်ဘာမှ ၂၀၁၂ ဒီဇင်ဘာအထိ လက်ခံရရှိသော အလှူတော်ငွေများနှင့် လှူဒါန်းထားပြီးသော အလှူတော်ငွေ စုစုပေါင်းကို ထပ်မံ အသိပေး ကြေညာသွားမည် ဖြစ်ပါသည်။]

အလှူရှင်များ အားလုံး ရုပ်နာမ်နှစ်ဖြာ ခန္ဓာဝန်ကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကုသိုလ်ကောင်းမှုများစွာ ထုံမွမ်းနိုင်ကြပါစေ…..


သူတော်ကောင်းတို့မည်သည် ပေးဆပ်ခြင်းမှာ ပျော်မွေ့ကြလေကုန်၏.....


“ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ” ပရဟိတ

*************************************************

No comments:

Post a Comment